Showing posts with label Press Release. Show all posts
Showing posts with label Press Release. Show all posts

Monday, October 15, 2012

သမ္မတကြီး ဦးသိန်းစိန် နှင့် မြန်မာပြည်သူများ သို့


ကျွန်တော် ဒီသတင်းကို စိတ်လှုပ်ရှားစွာ စောင့်နေရင်း တစ်ညလုံးကောင်းကောင်း အိပ်မပျော်ခဲ့ပေမယ့် ခု သိသိလိုက်ခြင်း အိပ်စရာမလိုဘဲ အိပ်ရေးဝသွားပါပြီ။

ဒါဟာ ကျွန်တော်တို့ လူမျိုးတွေရဲ့ အတုမဲ့ စည်းလုံးညီညွတ်ခြင်း ကို ကမ္ဘာ ကြီး နဲ့ လူအမည်ခံ မျိုးနွယ်စု တစ်ခု သိသွားအောင် ထင်းထင်းကြီး ပြလိုက်နိုင်တာဖြစ်သလို ..

လက်ရှိ သမ္မတကြီး ဦးသိန်းစိန် ဦးဆောင်နေတဲ့ အစိုးရဟာ ပြည်သူတွေရဲ့ နာကျင်မှုကို မျှဝေခံစားနေတယ်ဆိုတာကို နိုင်ငံတကာရဲ့ မတရားတဲ့ ဖိနှိပ်မှုတွေကို ပြည်သူတွေဖက်က ရဲဝန့်စွာ ဆန့်ကျင်ရင်း ပြသလိုက်တာဘဲ ဖြစ်တယ်။



OIC ဆက်ဆံရေးရုံးများ ဖွင့်လှစ်ရန်ကိစ္စမှာ ပြည်သူ့ဆန္ဒနှင့် မကိုက်ညီသဖြင့် ခွင့်ပြုမည် မဟုတ်

နေပြည်တော်၊ အောက်တိုဘာ ၁၅ ၊ ၂၀၁၂

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရအနေဖြင့် နိုင်ငံအချင်းချင်း (သို့မဟုတ်) နိုင်ငံအများ ပူးပေါင်းဆောင်ရွက်ရာတွင် နားလည်မှု စာချွန်လွှာ MoU လက်မှတ်ရေးထိုးခြင်းနှင့် စပ်လျဉ်း၍ နိုင်ငံတော် သမ္မတက အောက်ဖော်ပြပါ လမ်းညွှန်ချက်များ ချမှတ်ပေးထားပြီး ယင်းလမ်းညွှန်ချက်များအတိုင်း တိတိ ကျကျ ဆောင်ရွက်စေလျက် ရှိသည်။

- နိုင်ငံတော်၏ ဂုဏ်သိက္ခာ မထိခိုက်စေရန်၊

- အမျိုးသားအကျိုးစီးပွား မထိခိုက်စေရန်၊

- နိုင်ငံတော်၏ အချုပ်အခြာအာဏာ မထိခိုက်စေရန်၊

- နိုင်ငံတော်၏ သဘာဝပတ်ဝန်းကျင် မထိခိုက်စေရန်။

ပြည်သူလူထုအကြားတွင် ပျံ့နှံ့ဖြစ်ပေါ်လျက်ရှိသော မြန်မာနိုင်ငံတွင် လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ ပေးအပ်ရာတွင် ဆက်သွယ်ဆောင်ရွက်ရန် OIC ရုံး ဖွင့်လှစ်မည့် သတင်းနှင့် စပ်လျဉ်း၍
၎င်းရုံး ဖွင့်လှစ်ရန် ကိစ္စမှာ ပြည်သူ့ဆန္ဒနှင့် မကိုက်ညီသဖြင့် ခွင့်ပြုမည် မဟုတ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ သိရှိရသည်။

မူရင်း - http://www.president-office.gov.mm/zg/briefing-room/news/2012/10/15/id-1476



Please CLICK on photos to ENLARGE

ကျွန်တော်တို့ ခုချိန်ကစပြီး နားလည်ထားရမှာက မြန်မာတွေဟာ တိုးတက်လာတော့မယ့် အနာဂါတ်မှာ ခုလိုဘဲ နိုင်ငံတကာက မတရားဖိအားပေးမှုတွေ နှိမ့်ချမှုတွေကို ဆက်တိုက်ရင်ဆိုင်လာရတော့မယ်ဆိုတာကိုဘဲ။

ဒီလိုအခြေအနေတွေရောက်လာတိုင်း ကျွန်တော်တို့ပြည်သူတွေအားလုံး နဲ့ အစိုးရဟာ ခုလို တစ်သားထဲ ဖြစ်နေရမယ်။

အရင်က သူတို့ မကောင်းတာ မှားခဲ့တာတွေ နဲ့ ငခုံးမ တစ်ချို့ ဆက်ပြီးမှားနေတာတွေ သူတို့လဲ သေချာသိနေပြီးသားပါ။

ကျွံနေတဲ့ ခြေလှမ်းတွေ နဲ့ ပျက်ဖို့ခက်တဲ့ မျက်နှာတွေ ကြောင့် ငြင်သာစွာ ရွေ့လျားပြောင်းလဲနေရတာကို နားလည် စိတ်ရှည် ပေးနိုင်ကြဖို့တော့ လိုပါတယ်။

အဆုံးတိုင် ပြင်ဆင်ဖို့ လိုအပ်တဲ့ အချိန်တစ်ခုတော့ ပေးလိုက်ပါ။

သေချာတာကတော့ မြန်မာနိုင်ငံရဲ့ အနာဂါတ်ကို ဆုံးဖြတ်ပိုင်ခွင့်ဟာ မြန်မာတွေရဲ့ လက်ထဲမှာဘဲ အမြဲရှိနေမှန်း အစိုးရ နဲ့ ပြည်သူ အတူတူ ယုံကြည်ထားတယ်ဆိုတာ တခြားနိုင်ငံတွေအားလုံး နားလည်သွားပြီဆိုတာဘဲ။

သမ္မတကြီး နဲ့ အစိုးရ ဟာ ဒီဆုံးဖြတ်ချက်ကို နိုင်ငံတကာရဲ့ ဖိနှိပ်မှုတွေ စောင့်ကြည့်ဝေဖန်မှုတွေ အားလုံးရဲ့ကြားက ပြည်သူတွေရဲ့ ဆန္ဒပြပွဲတွေ ရင်ထဲက ပေါက်ကွဲလာတဲ့ အသံတွေကို လေးစားမှုပေးပြီး ခိုင်မာစွာ ဆန့်ကျင်ခဲ့တယ်ဆိုတာကို ကျွန်တော်တို့ အသိအမှတ်ပြုဖို့လိုပါတယ်။

ဒီနေ့ဟာ မြန်မာနိုင်ငံ ရဲ့ အစိုးရ နဲ့ ပြည်သူ တွေရဲ့ ကြားက ပျောက်ဆုံးနေခဲ့တာကြာပြီဖြစ်တဲ့ ချစ်ခင်ယုံကြည်မှုတစ်ရပ်ကို ထပ်မံ မွေးဖွားပေးလိုက်တဲ့ နေ့ ဆိုရင်လဲ မမှားပါဘူး။

ဘယ်လိုဘဲဖြစ်ဖြစ် ကျွန်တော်တို့ ရင်ထဲက တိတ်တစ်ဆိတ် ယိုစိမ့်လာတဲ့ မျက်ရေတွေကို ဦးသိန်းစိန် မျက်ကွယ်မပြုခဲ့ပါဘူး။

အနောက်နိုင်ငံတွေ ရဲ့ သူ့ကို အချိုသပ်ပြီး ကျောမှာ ထောက်ထားတဲ့ လည်မှာတင်ထားတဲ့ ဓါးတွေ အားလုံးကို ပြည်သူတွေအတွက် အာခံ စိန်ခေါ်လိုက်ပြီဆိုတာ ကျွန်တော်တို့ ကောင်းစွာ အသိအမှတ်ပြုရမှာဖြစ်ပါတယ်။

ဒီတော့ ကျွန်တော်တို့ဖက်ကလဲ မင်္ဂလာတရားတော်များ မြင့်မြတ်စစ်မှန်တဲ့ ဘာသာတရားများ အားလုံး နဲ့ အညီ ကျေးဇူးရှိသူကို ကျေးဇူးတင်ရမှာဖြစ်ပါတယ်။

ရခိုင် တွေရဲ့ နှစ်ချို့နေတဲ့ မလုံခြုံမှု နဲ့ သောက မျက်ရေတွေ ...

ဗုဒ္ဓဘာသာ ပြည်သူတွေရဲ့ နာကျည်းခံပြင်းမှုတွေ အားလုံးကို လေးစားစွာ နားထောင်လိုက်လျောခဲ့တဲ့ သမ္မတကြီး ဦးသိန်းစိန် နဲ့ လူကြီးမင်းများအားလုံးကို ပြည်သူတွေအားလုံးနဲ့အတူ နှလုံးသားမှ လေးစားလှိုက်လှဲစွာ ဂုဏ်ပြုမှတ်တမ်းတင်လိုက်ပါတယ်။

သာသနာ ကို စောင့်ရှောက်တဲ့ သူတွေကို နတ်ကောင်းနတ်မြတ်များက ကာကွယ်စောင့်ရှောက်လေ့ရှိပါတယ်။

သမ္မတကြီး နဲ့ ရဲရင့်တဲ့ ပြည်သူတွေကိုလဲ နတ်ကောင်းနတ်မြတ်များ ထာဝရ စောင့်ရှောက်ပါလိမ့်မယ်။

အားလုံးကို အားလုံးအတွက် ဖေါ်ပြမတတ်နိုင်အောင် ကျေးဇူးတင်ပါတယ်။


" ငါ့ နိုင်ငံ နဲ့ လူမျိုး အထက်မှာ ဘယ်လူမျိုးခြားမှ မရှိစေရ "


ထာဝရမေတ္တာဖြင့် ...

မျိုးချစ်မြန်မာ

Saturday, February 25, 2012

" မ "



.....

ပိန်လျလျ ခန္ဓာကိုယ် .. ၀င်းဝါဖျော့တော့တဲ့ အသားရောင် .. ။ ကျောလယ်လောက်
ဆံနွယ်ဝေ့၀ဲဝဲများ .. ။ ခက်ထန်တင်းမာပြီး နာကျင်နေတဲ့ ဒါဏ်ရာရနေတဲ့မျက်နှာ .. ။ 
မျက်ရည်ပြည့်လျှမ်းကာ နီမြန်းနေတဲ့ကြားက..မီးလျှံတွေထွက်ကျမလို ပူပြင်းလောင်ကျွမ်း
နေတဲ့ မျက်ဝန်းများ .. ။ တစ်ခုချင်းစီကို အသေးစိတ် ကြည့်မိမြင်မိပြီး ရွှေသွေး သွားတွေကိုတင်းတင်းစေ့ထားမိသည် .. ။ခင်ဗျားက ဘာမို့ လို့ လဲ ..။

( ရွှေသွေးမောင်မောင် )

.....

.....


ရွှေသွေးက စိတ်တိုတိုနှင့် ဇွတ်ပင်ရှေ့ ဆက်တိုးပြီး လှေကားထစ်ကိုတက်လိုက်ပါသည် .. ။
သူမ နားကပ်မိလျှင် လှေကားလက်ရန်းကိုကိုင်ထားတဲ့ သူမ လက်တစ်ဖက်ကို ဖျတ်ကနဲ
တွန်းဖြုတ်ပစ်ကာ ဘေးကကျော်အဖြတ် ပြုတ်သွားတဲ့ထိုလက်က ရွှေသွေးရဲ့ ရှပ်အကျီ င်္စကို
တင်းကျပ်စွာ ဖျတ်ကနဲ ဆုပ်ကိုင်လာလေသည် ..။

" ဟာ .. ကျွတ် .. "

ရွှေသွေးက သူမ လက်ထဲမှ သူ့ အကျီ င်္စကို အတင်းလက်နှင့်ဖြေထုတ်ကာ သူ့ ဖက်
ယိုင်လာသယောင်ရှိတဲ့ သူမ ခန္ဓာကိုယ်ကို သူ့ ပုခုန်းစွန်းနှင့် ဆောင့်တိုက်မိတဲ့အထိ
ဇွတ်တက်လာခဲ့ပါသည် ..။ သူကအတက် သူမ က ရုတ်တရက်လဲပြိုကာ လှေကားထစ်မှ
ဒလိမ့်ခေါက်ကွေးကျသွားလေသည် ..။ လန့် ပြီးလှည့်ကြည့်လိုက်မိပြီးမှ ကွေ့ ချိုး
သံမံတလင်းမှာစောင်းခွေခွေ ခပ်မှီမှီနှင့် သူ့ ထံမျက်လုံးဝိုင်းပြီးမော့ကြည့်နေတဲ့ သူမ 
မျက်နှာကို ဖျတ်ကနဲ ပြန်လွှဲပစ်လိုက်သည် ..။

ကောင်းတယ် .. မှတ်ကရော ..
သူမ လိမ့်ကျတာ ငါးထစ်ထည်းရယ်ပါ ..သူ့ ကိုတွန်းချခဲ့တုန်းက ဆယ်ထစ်လေ ..။

( ရွှေသွေးမောင်မောင် )

.....

.....

သူ့ ကိုမုန်းတီးရခြင်းဟာ မ , ရဲ့ တစ်နေ့ တာဆောင်ရွက်ဖွယ်တာဝန်များကြားမှာ ..
နာရီတော်တော်များများ၌ မပါမဖြစ် ရောနှောနေရာယူထားပါသည် ..။
လူတစ်ယောက်အပေါ် ချစ်ရခြင်းသည်သာမဟုတ် မုန်းရခြင်းသည်လည်းပဲ
နှောင်ဖွဲ့ ခြင်းတစ်မျိုးနှင့်လူကိုရစ်ပတ်ထားတာပဲ ..။ အာရုံတွေကို ခိုးယူခံထားရခြင်း
တစ်မျိုးပဲ ..။မုန်းရတာက ပိုပြီးပင်ပန်းတယ် မ , ထင်သည် ..။ တခါတရံ သူ့ ကိုဘယ်လို
တုန့် ပြန်လိုက်မလဲ ..ဘယ်လိုနာအောင်ပြောလိုက်မလဲတွေ သတိလက်လွတ် စကားလုံး
ရွေးချယ် စီကာစဉ်ကာနေမိသည် ..။

ကိုယ့်ကိုကိုယ်သတိထားမိတဲ့အခါ လှိုင်းထန်နေတဲ့ နာကျင်မုန်းတီးခြင်းထဲ အပန်းတကြီး
ဟောဟဲဆိုက်နေတဲ့ ကိုယ့်ကိုကိုယ် ပြန်လည်ဖွေရှာတွေ့ မိလျှင် ..
မ , က မိမိကိုယ်ကို အံ့ အားသင့်လို့ မဆုံးပေ .. ။

( မ )

.....

.....

" .. သူထိုင်ရှိခိုးလည်း ပျက်စီးသွားတဲ့အရာတစ်ခုက မ , ခန္ဓာကိုယ်ထဲအကောင်းတိုင်း
ပြန်လည်တည်ရှိ လာနိုင်မှာမှမဟုတ်တာ .. သူ့ ကို ရှိခိုးခွင့်လည်းမပေးနိုင်ဘူး ..
တောင်းပန်ခွင့်လည်းမပေးနိုင်ဘူး .. တစ်နည်းနည်းတောင်းပန်ခွင့်ရလိုက်ရင် 
သူ့ ရင်ထဲမှာပေါ့သွားမယ် .. သူ့ ဖက်က အမှားတစ်ခုကို တောင်းပန်လိုက်ရပြီးပြီပဲ 
ဆိုတဲ့ စိတ်သက်သာရာမျိုး ရသွားမယ် .. အဲဒါကို သူ အရမခံနိုင်ဘူး ..
သူစိတ်ပေါ့ပါးသွားမှာကိုလည်း ကြည်ဖြူနိုင်တဲ့ စိတ်ကောင်း မ , မှာမရှိဘူး ..

သူ တစ်သက်လုံး မတောင်းပန်ရဘူး .. တောင်းပန်ခွင့် မရတော့ဘူး .. သူသေတဲ့အထိ 
သူဟာ မိန်းမတစ်ယောက်ကို " ......... " တဲ့ အထိ ရက်ရက်စက်စက် အကြင်နာ
ကင်းမဲ့စွာ အငြိုးတကြီး ဆက်ဆံခဲ့မိတယ်ဆိုတဲ့ ယူကြုံးမရစိတ် ခံစားသွားရမယ် ..

ဒီစိတ်နဲ့ ပဲ သူသေရမယ် .. နဲနဲကလေးတောင် သူ့ အပြစ်မကျေစေရဘူး .. စိတ်သက်သာရာ
မရစေရဘူး .. တောင်းပန်ချင်တဲ့ သူ့ ဆန္ဒ ဘယ်တော့မှ မပြည့်ဝစေရဘူး .. .. "

( မ )

.....

.....


" .. နင့်စကားကို ခုလောက်ထိ ရပ်နားထောင်လိုက်ရတာတောင် ငါ့နားနှစ်ဖက် 
ဘယ်လောက် ငရဲကျနေပြီလဲ နားလည်ရဲ့ လား .. နင့်ကိုမြင်နေရတဲ့ ငါ့မျက်လုံးနှစ်လုံး
ကိုတောင် သတ္တိရှိရင် .. ငါဖောက်ထုတ်လိုက်ချင်သေးတယ် ..
အနားမှာနင်ရှိနေတာ ငါပူလောင်လွန်းလို့ ပါ ရွှေသွေးမောင်မောင် .. .. "

( မ )

.....

.....


" .. ရွှေသွေးက စိတ်ပျော့တယ် .. သနားတတ်တယ် .. သူ့ မျက်စေ့ရှေ့ မှောက်မှာ
မိုင်းနပ်စ်တွေချည်းအမြဲဖြစ်နေတဲ့ မိန်းမတစ်ယောက်ကို သူဂရုဏာသက် သနားကြင်နာပြီး
ပေါက်ဖွားလာတဲ့ စိတ်ဝင်စားမှုဟာ စိတ်ကောင်းရှိတဲ့လူတစ်ယောက်ရဲ့  ကိုယ်ချင်းစာမှု
မျှသာပါပဲ ဆိုတာ မကြာခင်အချိန်မှာ သူလည်း သိသွားမှာပါ .. အဲဒါ အချစ်မဟုတ်ဘူးဆိုတာလေ .. "

( ရွှေသွေးမောင်မောင် အမေ )

.....

.....


သူ့ ဘ၀မှာ မမြင်ချင်၍ မုန်းနေရတဲ့လူတစ်ယောက်ရှိနေတာက အထီးမကျန်သလို
ခံစားရစေသည်ကို မ , တအံ့ တသြသဘောပေါက်စပြုလေသည် .. ။


လုံးဝအထီးကျန်ဆန်လှတဲ့ မ , ရဲ့ ဘ၀မှာ ချစ်စရာလူရယ်လို့ သေချာရှိမနေသော်လည်း
မုန်းစရာလူတစ်ယောက် ရှိနေသေးတာကိုက ကိုယ်ဟာ တစ်ယောက်ထည်းမဟုတ်ပါလား
လို့  .. ဘ၀င်ကျနိုင်တဲ့ခံစားချက်ကို ရနေစေခဲ့တာပါလား .. ။

သူ့ ကိုတွေ့ လျှင် မ , သွေးတို့  ဆူပွက်သည် ..။ မ , မုန်းတီးနာကျည်းသည် ..။
ဒေါသတစိမ့်စိမ့်ထွက်သည် ..။ ဤခံစားချက်တို့ က မ , ကိုလူသားဆန်စေသည် .. ။

( မ )

.....

.....


" .. မ , အမုန်းက ကျွန်တော့အတွက် ရေလို လေလို ကျွန်တော်နဲ့ ထိတွေ့ ယဉ်ပါးနေတဲ့
ကျွန်တော်အလိုအပ်ဆုံး အရာတစ်ခုဖြစ်နေပြီ ..။ မုန်းပါ မ , .. မ , ကြိုက်သလောက် 
မုန်းတော့ .. မ , မုန်းလေ ..ကျွန်တော်က ချစ်လေ .. မ , အချစ်ကိုမရရင်တောင် မ , ဆီက အမုန်းပဲဖြစ်ဖြစ် တစ်ခုခုတော့ ရယူနေပါရစေ .. မ , ရဲ့ အငွေ့ အသက်မရှိပဲ ကျွန်တော် မရှင်သန်နိုင်တော့လို့ ပါ .. "

( ရွှေသွေးမောင်မောင် )

.....

.....


အချစ်ဆိုတာဟာလည်းသံယောဇဉ်တစ်ခုဖြစ်သလို အမုန်းဆိုတာဟာလည်း သံယောဇဉ်တစ်ခုပါပဲ .. ချစ်လို့ ဖြစ်စေ မုန်းလို့ ဖြစ်စေ ဘာကြောင့်ပဲဖြစ်စေ ..
ကိုယ့်ရင်ထဲ ကိုယ့်စိတ်အတွေးထဲ .. ကိုယ့်အာရုံထဲ ..သူအမြဲရှိနေတော့တာဟာ ချည်နှောင်ခံရခြင်းတစ်မျိုးပဲပေါ့ .. ။ အဲဒီချည်နှောင်မှုကို အတိုင်းအတာကာလ တစ်ခု
အထိ ခံယူရပြီးတဲ့အခါ ကိုယ်တိုင်မဖြေလျှော့ချင်မရုန်းဖယ်ချင်ပဲ အဲဒီချည်နှောင်ခံရမှုထဲမှာ
ပျော်ပိုက်သွားနိုင်သေးတာ .. ။

အချစ်ဆိုတာနဲ့  အမုန်းဆိုတာကလည်း ဖျတ်ကနဲ အလွယ်တကူအက်ကြေနိုင်တဲ့ အလွှာပါးပါးကလေးတစ်ခုထည်းပဲကြားခံရှိတာလို့  မ , ခံယူတယ် .. အမုန်းရဲ့ တဆုံးကို အင်အားပြင်းပြင်းတိုးဝင်သွားမိရင် အဲဒီ မချစ်မမုန်းအလွှာပါးကလေးကို အရှိန်နဲ့ တိုးတိုက်မိမှာအမှန်ပဲ ..။ အဲဒီအခါ ဟိုတစ်ဖက်က .. အချစ် ဆိုတဲ့
နယ်မြေသစ်ထဲ ကျွံနစ်သွားမိမှာ မ , အကြောက်ဆုံးပဲ ရွှေသွေးမောင်မောင် .. ..။

( မ )

.....

.....



" .. ကျွန်တော်သိပါတယ် မ , .. ကျွန်တော်ဆိုလိုတာက မ , ဒီလောက်တောင် မကြည့်ချင်တဲ့မျက်နှာဆိုရင်နောက် မ , မမြင်စေရပါဘူး .. ကျွန်တော်ကတိပေးပါတယ် .. ။ 
မ , အတည်တကျ ငြိမ်သက်အဆင်ပြေ ပျော်ရွှင်နေတာပဲ ကျွန်တော် မြင်ချင်တာပါ .. ။
မ , ကိုကျွန်တော်ချစ်မိတာ .. မ , နောက်ကိုလိုက်နေမိတာ တွေကလည်း မ , ကို
ပျော်ရွှင်လာအောင် ကျွန်တော်ထားပေးချင်လို့ ပါ .. ။ ကျွန်တော့အချစ်နဲ့  မ , ဘဝ
တစ်ခုလုံးကို အလှပဆုံးလေး .. ကျွန်တော်ပြန်တည်ဆောက်ပေးချင်ခဲ့တာပါ .. ။

ဒါ ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့  မ , တကယ်သေချာနေတယ်ဆိုရင် ကျွန်တော်ပဲ ထွက်သွားပေးမှာပါ ..မ , ထွက်မသွားရပါဘူး မ , .. မ , တည်ငြိမ်နေပါ .. လွင့်သွားစရာရှိရင် ကျွန်တော်လွင့်သွားပါ့မယ် မ , ရယ် .. "

(ရွှေသွေးမောင်မောင် )

.....

.....



" .. နောက်ကားမှာ ကျမကို အရူးအမူးချစ်နေတဲ့ ကောင်ကလေးတစ်ယောက် ပါလာလို့ ပါ ..
သူက နှလုံးခွဲစိတ်ထားတာ ရက်ပိုင်းပဲ ရှိသေးတာပါ .. သူဆက်မလိုက်နိုင်အောင် တားဖို့  ..
ကား ခနလေး ရပ်ပေးပါ ..
ကား ခနလေး ရပ်ပေးပါ .. " ..

( မ )

.....

.....

.....



( မတ်လ စာမေးပွဲများအပြီးမှာ ထွက်လာမယ့် .. ကျမရဲ့ " မ " ဆိုတဲ့ ၀တ္ထုထဲက
ကောက်နှုတ်ချက်လေးတွေ တချို့  အမြည်းသဘော တင်ပေးလိုက်တာပါ ..
ဒီစာအုပ်ကို အခြားသော စာအုပ်များထက် ပိုပြီးအချိန်ပေးရေးခဲ့ပါတယ် ..
ဇာတ်လမ်းထဲက မ နဲ့  ရွှေသွေးမောင်မောင်ကို ဘယ်တစ်ယောက်ကိုမှ စာဖတ်သူတွေ
မမုန်းစေချင်တဲ့ဆန္ဒကြောင့် တစ်ဖက်စောင်းနင်းမဖြစ်ရအောင်တတ်နိုင်သလောက်
ကြိုးစားရေးခဲ့ပါတယ် ..)

.....

.....



.....



.....





လမင်းမိုမို ၏ အသစ်စက်စက်လုံးချင်းဝတ္ထု





Tuesday, September 27, 2011

စာရေးဆရာမ လမင်းမိုမို ၏ Blog နှင့် Facebook Fan Page စာမျက်နှာသစ်များ စတင်ဖွင့်လှစ်


Please click on photo to ENLARGE!

မြန်မာ့စာပေလောက ကို ဆယ်ကျော်သက် အထက်တန်းကျောင်းသူဘဝ ကတည်းက စတင်ဝင်ရောက်ခဲ့ပြိး ယနေ့ထိတိုင် အောင်မြင်နေဆဲ ဖြစ်သူ စာရေးဆရာမ လမင်းမိုမို က သူမကို အနှစ်သုံးဆယ် နီးပါး စဉ်ဆက်မပြတ် အားပေးခဲ့တဲ့ အားပေးနေဆဲလဲ ဖြစ်တဲ့ မြန်မာပြည် နဲ့ ကမ္ဘာအနှံ့အပြား မှာ နေထိုင်နေတဲ့ ပရိသတ် များအတွက် တိုးတက်ပြောင်းလဲ လာတဲ့ နည်းပညာ ခေတ် နဲ့ အညီ သူမ ရဲ့ ကိုယ်ပိုင် အင်တာနက် စာမျက်နှာ အသစ် နှစ်ခု ဖြစ်တဲ့

Lamin Mo Mo Blog
http://laminmomo.blogspot.com/

နဲ့

La Min Mo Mo Fan Page (Face Book)
http://www.facebook.com/laminmomo တို့ကို တရားဝင် စတင်ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါတယ်။  

Friday, July 1, 2011

တေးသံရှင် ယုဇန မှ Lazy Club Tour (2011) သို့ ဖိတ်ကြားခြင်း


ရုပ်သံ ရိုက်ကူး တည်းဖြတ် - မျိုးချစ်မြန်မာ

Lazy Club တေးဂီတ အဖွဲ့ရဲ့ အမေရိကား ၂၀၁၁ ခရီးစဉ် ကို California ကနေ စတင်လိုက်ပြီဖြစ်ပါတယ်။

ဒီပွဲမှာပါဝင်ဖျော်ဖြေမယ့် ဂီတပညာရှင်တစ်ဦးဖြစ်သူ တေးသံရှင် အဆိုတော် ယုဇန က မျိုးချစ်မြန်မာ မှ တဆင့် ရွှေပွဲလာ ပရိသတ် များ ကို ခုလို ဖိတ်ကြားလိုက်ပါတယ်။



မျိုးချစ်


Monday, June 20, 2011

အမေ့မွေးနေ့ နဲ့ အမျိုးသမီးများနေ့ သဝဏ်လွှာ

20110619BT

ထုတ်ဝေသူ - NLD (ရန်ကုန်)



ပေးပို့သူ - ကိုမြင့်လှိုင် (Burma Today)

Monday, June 13, 2011

Daw Aung San Suu Kyi's 66th Birthay And Women Of Burma Day

20110618 DASSK BADA

Please click HERE or on the post title to read this article on scribd.

ပေးပို့သူ - BADA

Sunday, June 12, 2011

Lazy Club USA Tours 2011 (Fort Wayne, IN)


Fort Wayne Show (Jul 30th, 2011)
Please click on photos to ENLARGE!

Saturday, June 11, 2011

Lazy Club USA Tours 2011 (New York, N.Y)


New York Show (Jul 23rd, 2011)
Please click on photos to ENLARGE!
Graphic Design - Ko Myoe

Wednesday, June 8, 2011

Lazy Club USA Tours 2011 (California)


Los Angeles Show (Jul 17th, 2011)


San Francisco Show (Jul 16th, 2011)
Please click on photos to ENLARGE!
Graphic Design - Ko Myoe

" Lazy Club USA Tours 2011 " has finally arrived to California.


Tickets informations are as shown in above posters.

Driving direction for Los Angeles Show

Cal Poly Pomona University Theaterhttp://www.class.csupomona.edu/th/assets/thmap.pdf

http://www.csupomona.edu/maps/pdf/central_campus_small.pdf

And a google map link centered on the campus parking:


http://maps.google.com/?ie=UTF8&hq&h&ll=34.058446%2C-117.816868&spn=0.005938%2C0.008368&z=17

For Campus Info,

Jonathan Bastow
Director of Theater Facilities
jdbastow@csupomona.edu

ph. (909)869-3957
fax (909)869-3185

NOTICE: All our shows will begin in very timely manner so we would like to recommend all guests to arrive at least 45 - 60 minutes prior to show time to avoid missing beginning part of the show while parking and waiting in line to get in.


*** Special Thanks to Ko Myoe (Graphic Design) ***

Thursday, May 1, 2008

မြန်မာနိုင်ငံသို့ အားပြင်းသောမုန်တိုင်း Nargis ဖြတ်ကျော်မည်


အားပြင်းသောမုန်တိုင်း Nargis သည် မြန်မာနိုင်ငံသို့  မေလ ၂ရက်နေ့ တွင်ဖြတ်သန်း တိုက်ခတ်မည်ဖြစ်ပြီး ကပ္ပလီပင်လယ်ပြင်မှု ဗဟိုပြု၍ မြန်မာနိုင်ငံကမ်းရိုးတန်း ကမ်းခြေသို့  17.8 N, 93.9 E. နေရာမှ 14:00 GMT အချိန်တွင် ကုန်းတွင်းပိုင်းသို့  ဖြတ်ကျော် ဝင်ရောက်မည်ဖြစ်ပါသည်။



မိုးသည်း ထန်စွာ ရွာသွန်း၍ လေတိုက်ခတ်နှုန်းမှာ တနာရီ ၉၂ မိုင် နှုန်းဖြစ်မည်ဟု ခန့်မှန်းပါသည်။


မုန်တိုင်းသည် အဆင့် (၁) (category 1) ဖြစ်ပြီး
ကျော်ဖြတ်ရာနေရာ တို့ တွင် လှိုင်းအမြင့်  ၄ - ၅ ပေခန့် မြင့်တက်ခြင်း။
ခိုင်မာသောအဆောက်အဦး များကို မထိခိုက်စေနိုင်သော်လည်း.
သစ်ပင် ခြုံပင်များ တဲများ။ မခိုင်မမာ အိမ်ငယ်များ နှင့် 
အချို့မြေနိမ့်ဒေသများတွင် မိုးသည်းထန်၍ ရေကြီးနိုင်ပါသည်။
ကမ်းရိုးတန်းဒေသများတွင် လှိုင်းကြီး ဒီရေတက် ရေလွမ်းမိုးမှုများရှိနိုင်ပါသည်။

မြန်မာနိုင်ငံမှ ပြည်သူများ သတိရှိနိုင်ပါရန် နှိုးဆော်အပ်ပါသည်။
ဘေးရန်ရှင်းလင်း အန္တရာယ်ကင်းပါစေရန်လဲ..ဆုမွန်ကောင်း တောင်းအပ်ပါသည်။

မူရင်းသတင်း ကို ဒီမှာ ကြည့်နိုင်ပါတယ်

Friday, April 25, 2008

မိုက်မဲသော မျိုးချစ်မြန်မာ


လေးစားရပါသော မျိုးချစ် မိတ်ဆွေတို့

ဒီနေ့ စဒ္နီမြင့်လွင် နဲ့ ရတနာခင် တို့က NO ဆိုပြီး ကန့်ကွက်မဲပေးဖို့ တိုက်တွန်းထားတဲ့ မြန်မာနိုင်ငံ ရုပ်ရှင် ပညာရှင်များ အစည်းအရုံး ကဆိုပြီး ပုံလှလှလေးတွေ ရောက်လာပါတယ်

ရရချင်းထဲက သူတို့ သဘောနဲ့ လုပ်တာမဟုတ်မှန်းလဲ သိပါတယ် ဒါပေမယ့် ကျွန်တော်လဲ ရေးစရာတင်စရာမရှိလို့တွေးနေတုန်း ဒါလေးကတော့ရီရတယ် လူတွေသဘောကျမှာဘဲလို့ လွယ်လွယ်တွေးပြီး တင်လိုက်မိပါတယ်

မိနစ်ပိုင်းအတွင်း ကျွန်တော့်အမေ ဖုံးဆက်လာပါတယ်


သားကလဲဟယ် ဟိုမှာ ကလေးတွေ ဒုက္ခရောက်တော့မယ် အဲလိုမလုပ်ပါနဲ့ဟယ် ဆိုပြီးအပြစ်တင်ပါတော့တယ်
ကိုယ့်လောကသားချင်း ကိုယ်ချင်းစာပါဟယ် တဲ့
အခုက NO ဆိုတဲ့ T-Shirt ဝတ်တဲ့သူတွေကိုတောင် လိုက်ဖမ်းနေတဲ့အချိန်
သူတို့ ဆန္ဒခံယူပွဲ ကို မထောက်ခံဘူး လို့ပြောတဲ့သူတွေ ကိုတောင် လိုက်ရန်ရှာပြီး ဖမ်းဆီးနေတဲ့အချိန်ဆိုတော့ မကောင်းဘူးပေါ့ တဲ့

ကျွန်တော် စိတ်မကောင်းဖြစ်သွားတယ်
ကျွန်တော် ဘာရယ်မဟုတ် လုပ်လိုက်မိတာလေးတစ်ခုက
ပြည်တွင်းက အနုပညာသည် ကလေးမလေး နှစ်ယောက်မှာ ဘယ်လောက်ထိ ထိခိုက်သွားနှိုင်တယ်ဆိုတာ မတွေးလိုက်မိဘူး
အဲဒါ အသုံးမကျတဲ့ မိုက်မဲတဲ့ ကျွန်တော့်ရဲ့ အတ္တစိတ်ကြောင့်ပါဘဲ

ကိုယ်က အနုပညာသမားတွေကို ကာကွယ်ပေးရမယ့်အစား ဒုက္ခရောက်အောင် ချောက်တွန်းလိုက်မိသလိုဖြစ်သွားတယ်၊
တကယ်က အဲဒိပုံတွေက ကလေးမလေးတွေရဲ့ ဆန္ဒ မပါဘဲ Computer ပေါ်မှာဖန်တီးခဲ့တာ သိသာပါတယ်

တကယ်ဆို ကျွန်တော် အဲဒိလို ပေါ့ပေါ့တွေးပြီး ပျော်စေပျက်စေမလုပ်သင့်ပါဘူး
ကျွန်တော် ရူးကြောင်ကြောင်နဲ့ နက်နက်နောနော မတွေးလိုက်မိဘူး
ဒီအတွက် ကျွန်တော့်ကိုယ် ကျွန်တော် မိုက်မဲတဲ့ကောင်အဖြစ် သုံးသပ်ပြီး ရှုံ့ချပါတယ်

ဒီတော့ ခုထဲက ရှင်းအောင်ပြောပြပါရစေ

ဒီညီမလေး နှစ်ယောက်ရဲ့ ပုံတွေဟာ သူတို့ရဲ့ သဘောတူညီမှု လုံးဝ မရဘဲနဲ့ တင်လိုက်မိတာပါ
ဒီအတွက် သူတို့နှစ်ယောက်မှာ လုံးဝ လုံးဝ တာဝန် မရှိပါဘူး
နောက်ပြီး ဒီပုံတွေကိုဖန်တီးတာ ကျွန်တော်လဲမဟုတ်သလို သူတို့ နှစ်ယောက်နဲ့လဲ ဘယ်လိုမှမပါတ်သက်ပါဘူး
ရုပ်ရှင်အစည်းအရုံး နဲ့လဲ လုံးဝမပါတ်သက်ပါဘူး
ကျွန်တော့်ဆီကို မိတ်ဆွေတယောက်က Email ကနေ ပို့ပေးလိုက်တာပါ

ကျွန်တော် မှားမိတဲ့အတွက် စာဖတ်သူတွေ အားလုံးနဲ့တကွ ကာယကံရှင် ညီမလေး နှစ်ယောက်ဖြစ်တဲ့ စဒ္နီမြင့်လွင် နဲ့ ရတနာခင် တို့ကိုရော သူတို့ရဲ့မိသားစုတွေကိုပါ မိုက်မဲတဲ့ မျိုးချစ်မြန်မာက လေးနက်စွာ တောင်းပန်ပါတယ်လို့ ပြောချင်ပါတယ်

ဒီကိစ္စနဲ့ ပါတ်သက်ပြီး ကျွန်တော့်ကို အချိန်မရွေး မေးမြန်း စုံစမ်း နှိုင်ပါတယ်
အချိန်မရွေးလဲ ရှုံ့ချနှိုင်ပါတယ်

လေးစားစွာဖြင့်...

မျိုးချစ်

Tuesday, April 1, 2008

မြန်မာ့ ရုပ်ရှင်လောကသားများကိုယ်စား တုံ့ပြန်ကြေငြာချက်


ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက နာမည်ကျော် မြန်မာရုပ်ရှင်ဒါရိုက်တာတွေတစ်ချို့က ထောက်ခံမဲထည့်ဖို့ စည်းရုံးလှုံ့ဆော်မယ့် ဝါဒဖြန့်ချိရေးကားတွေ ရိုက်ကူးဖို့ စီစဉ်နေပါတယ် ဆိုပြီး တိတိကျကျကို စွတ်စွဲ ထားတဲ့ စာထွက်လာပါတယ်

ဒါကို ဘလော့တစ်ခု မှာ ဒီ ဒါရိုက်တာတွေ ထုတ်လုပ်သူတွေက ရဟန်းသံဃာတွေ ကျောင်းသားပြည်သူတွေကို သစ္စာဖေါက်သူတွေဆိုပြီး ပြင်းပြင်းထန်ထန် ရေးလာတာလဲ တွေ့ရပါတယ်

ဒါကိုဖတ်ရတော့ ကျွန်တော်လဲ တော်တော်ကို စိတ်မကောင်းဖြစ်ရပါတယ်
ဘာလို့လဲဆိုတော့ အတွင်းမှာနေထိုင် ရုန်းကန်နေရတဲ့ ရုပ်ရှင်လောကသားတွေ ရဲ့ဘဝကို မသိကြတဲ့ လူတွေကြောင့်ပါ

မြန်မာ့ရုပ်ရှင်လောကဟာ ဘယ်တုန်းကမှ စစ်အစိုးရရဲ့ ချုပ်ကိုင်မှုအောက်က မရုံးထွက်နှိုင်ခဲ့ပါဘူး
မဆလ ခေတ် တလျှောက်လုံးကျွန်တော် ရုပ်ရှင်လောက ထဲမှာကြီးပြင်းလာခဲ့တာပါ
အစိုးရက ရုပ်ရှင်လောက သားတွေကို ဖလင်ထုတ်ယူခွင့် ကနေစလို့ ဆင်ဆာခွင့်ပြုမှု ထုတ်ဝေခွင့် (က ကြီးမှ အ) အထိပေါ့ဗျာ လိုက်ထိန်းချုပ်ထားခဲ့တာပါ ပြီးတော့ ကြုံရင်ကြုံသလိုလဲ သူတို့ အကျိုးပြုကားတွေ ရိုက်ခိုင်းလေ့ရှိပါတယ်
ကျွန်တော်တို့လဲ မရိုက်ချင်ဘဲ အစိုးရကားတွေ ရိုက်ပေးခဲ့ရတာတွေရှိပါတယ်


သူတို့ရိုက်ခိုင်းရင် ငွေလဲမရတဲ့အပြင် သူတို့ထုတ်ပေးတာမလောက်လို့ ကိုယ်လဲအိပ်ထဲကစိုက်ရ အဆိုးဆုံးက ပြည်သူက အမြင်ကပ်တာလဲခံရလို့ ဘယ်သူမှတော့ရိုက်ချင်တာမဟုတ်ဘူး

ဒါပေမယ့် မရိုက်ပေးဘူးလို့ ငြင်းပြန်ရင်လဲ လူကြီးလူကောင်းခွေးမသားတွေက အငြိုးတကြီးနဲ့ကို ဆော်တော့တာဘဲ
ကိုယ်ရိုက်တဲ့ ကားကျတော့မှ ဇာတ်လမ်းရိုက်ကူးခွင့်ပယ်မယ် ဖလင် ထုတ်ပေးရင် ကန့်သတ်မယ်
(အပြင်ကဝယ်ရိုက်နေရတာဈေးကြီးမှန်းသိလို့..)
နောက်ဆုံးဆင်ဆာတင်တော့လဲ ကပ်ညစ်မယ်
ဒီလို တောက်လျောက်ကိုဆော်တော့တာဗျို့

ဒါတောင်သူတို့ကို ဘာမှ ပြောရ လုပ်ရသေးတာမဟုတ်ဘူး
တခုခုများ နိုင်ငံရေးနဲ့ ပါတ်သက်ပြီး သူတို့ကိုဆန့်ကျင်တဲ့သူတွေဆိုရင်တော့
လုပ်စားခွင့်တောင် အကန့်အသတ်မရှိပိတ် ပစ်တော့တာဘဲ

အနုပညာ သမားတယောက်ကို အနုပညာနဲ့ လုပ်စားခွင့်က ပိတ်ပင်လိုက်တာဟာ
ငါးကိုရေထဲက ဆယ်ပြီးသောင်ပြင်ပေါ် ပစ်လိုက်သလိုပါဘဲ

ဒီတော့ ကိုယ်ချစ်တဲ့ လောကလေး ကိုမစွန့်ခွာနှိုင်တဲ့အခါ
မချစ်သော်လဲ အောင့်ခါနမ်းပြီး မျက်စိမှိတ် လုပ်ပေးခဲ့ရတာ ခေတ်အဆက်ဆက် ကပါ

ဒါပေမယ့် စုန်းပြူးတွေကလဲ ခေတ်အဆက်ဆက် မှာရှိခဲ့ဖူးပါတယ်
အစိုးရ ကိုမျက်နှာလို အားရလုပ်ပြီး ကိုယ့်ကောင်းကျိုးအတွက် ဖါးခဲ့တဲ့ သူတွေလဲရှိခဲ့ပါတယ်
ပြီးရင် Cell Phone Permit လေးတောင်းလိုက် Car Permit လေး တောင်းလိုက်ပေါ့နော်
တစ်ချို့ကျတော့လဲ တကယ်ကို ဆင်းရဲရှာလို့ ဒီလိုလုပ်ကြရတာပေါ့ဗျာ
တစ်ချို့ကကျတော့ သာကူး လို့ခေါ်တဲ့ သစ္စာဖေါက် အစစ်တွေပေါ့
ဘယ်သူသေသေ ငတေမာရင်ပြီး တဲ့လူတွေကတော့ နေရာတိုင်း အလွှာတိုင်းမှာ ရှိကြစမြဲပေါ့

ဒါပေမယ့်ဗျာ ခုတိုင်းပြည် အနေအထားက မဆလ ခေတ်ကထက်တောင် အများကြီးပိုဆိုးနေပါပြီ
အရမ်းလဲ ငတ်မွတ် ဆင်းရဲ နေကြပြီ
ယုံကြည်မှုထက် ကြောက်ရွံ့ခြင်းက အားသာနေပြီ
ဒီကောင်တွေ ခိုင်းတာမလုပ်ရင် ဘာဖြစ်နှိုင်တယ် ဆိုတာလဲ အားလုံးသိနေကြတဲ့အခါ
ကိုယ်နဲ့ ကိုယ့်မိသားစု လုံခြုံရေးအတွက် မလွှဲသာ မရှောင်သာ လုပ်ပေးကြရတော့တာပေါ့


ဒါကို အပေါ်ယံလေး ကြည့်ပြီးတော့ အစိုးရ ကားရိုက်တယ်ဆိုရင် သစ္စာဖေါက်ပဲ ဘာညာစွတ်ပြောလို့ မရဘူးဗျ
ပြည်တွင်းက အနုပညာသမားတွေက သေနပ်ပြောင်းဝ မှာမလူးသာ မလွန့်သာဖြစ်နေတုန်း
ရွေးချယ် ငြင်းပယ်ခွင့် မရှိတဲ့ ဘဝ ကိုနားလည်မပေးဘဲ လက်တစ်ဆုတ်စာရှိတဲ့ သာကူး တစ်ချို့နဲ့ တစ်တန်းထဲရောပြီး သစ္စာဖေါက် လို့သတ်မှတ်လိုက်မယ်ဆိုရင် အမြင်ကျဉ်းလွန်းရာကြပါတယ်ဗျာ
ရုပ်ရှင် လောက မှာ သေချာ ထဲထဲဝင်ဝင် မနေခဲ့ဘူး လို့ မစာနာတတ်တာလို့ဘဲထင်ပါတယ်
ဒီအတွက်တော့ ကျွန်တော် စိတ်မကောင်းပါဘူး


နောက်ပြီး ကာယကံရှင်တွေ ကိုသေချာမမေးဘဲ လမ်းပေါ်မှာဝေတဲ့စာလေးတစ်စောင် ကို
ကိုးကားပြီး သစ္စာဖေါက် တွေဘာညာခေါ်ဖို့ ဆိုတာ နဲနဲလေး မစောလွန်းဘူးလားဗျာ


မောင်မျိုးမင်းတို့ ညီလာခံကား ရိုက်တုန်းကဆို ကျွန်တော်ကိုယ်တိုင်ဝေဖန်ခဲ့ပါတယ်
သူတို့က စေတနာဗလပွနဲ့ ဖါးယားပြီးလုပ်ကြတာပါ
ဒီလိုလူတွေ ကိုတိုက်ခိုက်ဖို့ တော့ ကျွန်တော်ကိုယ်တိုင် အားပေးကူညီမယ်

အခု အရေးအခင်း ဖြစ်ပြီးတော့ အခြေအနေ တွေက မတူတော့ဘူးလေ
အနုပညာလောက သားတွေအားလုံး မလှုပ်ရဲ အောင်ကို ချုပ်ထားကြပါပြီ
လုပ်ရတာနဲ့ ပြန်ခံရမှာ ကို မတန်ဘူး ဆိုတာသိအောင် သူတို့ မှိုင်းတိုက်ထားလိုက်ပြီလေ

ဒါကို သူတို့နေရာမှာ သူတို့နဲ့ တန်းတူ ရင်ဆိုင်နေရတာ မဟုတ်ဘဲနဲ့
ကိုယ်က လွတ်လပ်တဲ့နိုင်ငံမှာ Computer ရှေ့ထိုင်ပြီး Key Board လေးတပြင်ပြင်နဲ့
အလကားရေးရတာဘဲ ရေးလိုက်ဦးမယ်ဆိုတဲ့ အတွေးနဲ့ ရေးတိုင်းသတင်း မဖြစ်ပါဘူး

ကာယကံရှင်တွေ ဘာကြောင့် ဘယ်လို ရပ်တည်နေရတယ်ဆိုတာ သေချာစုံစမ်းသင့်ပါတယ်

ကျွန်တော်ကတော့ သေချာစုံစမ်းပြီးမှ သုံးသပ်ပြီးရေးတာပါ
ကိုယ်တိုင်လဲ ဆက်သွယ်မေးမြန်းပြီးပါပြီ

ကိုယ်ရေးရပြီးရောရေးတဲ့ သတင်းကတော့ မြန်မာ့အလင်းမှာ ဖတ်ရတာနဲ့ တူတူပါဘဲ

ကျွန်တော် အခုလဲ ဘာမှမပြောတော့ပါဘူး လို့ စဉ်းစားထားရင်း သတိရလာတာရှိလို့ပါ

ကျွန်တော် နိုင်ငံရေးသမား မဟုတ်ဘူး လူမှုရေးသမား
ကျွန်တော် အမိမြေကိုချစ်တယ် မြန်မာတွေကိုချစ်တယ်
ဒီတော့ မြန်မာလူမျိုး တွေ ကိုအသက်ရှိနေသမျှ ကာကွယ်သွားမယ်

ကျွန်တော် ကိုပါချင် ကိုသိချင် မဟုတ်ဘူး အနုပညာ မျိုးဆက် စစ်စစ် ဖြစ်တယ်
အနုပညာ လောကကို အထူးသဖြင့် ရုပ်ရှင်လောက ကိုချစ်တယ်

တတ်ယောင်ကားစိတ်နဲ့
ကျွန်တော့် လူတွေ မြန်မာ့ အနုပညာလောကသားတွေ
ရုပ်ရှင်လောကသားတွေကို တစ်ဖက်သတ် စော်ကားလာရင် ခေါင်းငုံ့ခံနေမယ့်ကောင်တော့ မဟုတ်ဘူး


သေချာတာတစ်ခုတော့ရှိတယ်
ကျွန်တော် ဒီ Post ရေးတာ လူစိတ်ဝင်စားအောင်တော့မဟုတ်ဘူး
ခံယူချက် ယုံကြည်မှု နဲ့ရေးတာ ဘယ် အမည်မသိ မိတ်ဆွေကြီးကမှ ပေးတဲ့သတင်းမဟုတ်ဘူး


မျိုးချစ်

Twitter Delicious Facebook Digg Stumbleupon Favorites More